ပန်းတောင်းမြို့နယ်၌ သုံးစွဲရန်မသင့်သော ကိုဗစ်နိုင်ဆေးလျှက်ဆားအား စျေးကွက်အတွင်း ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

ပန်းတောင်း အောက်တိုဘာ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သုံးစွဲရန် မသင့်သော တိုင်းရင်းဆေးဝါး ဖြစ်သည့် ကိုဗစ်နိုင်လျှက်ဆား စျေးကွက်အတွင်း ရောင်းချနေမှု မရှိစေရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦး​ဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် (၇.oo)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်သန်းသန်းအေး၊ တိုင်ရင်းဆေးဦးစီးဌာန တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုး၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသန်းဇော်ဝင်း၊ စည်ပင်စျေးတာဝန်ခံ ဦးနေလင်းတို့က ပန်းတောင်းမြို့မစျေး အတွင်းနှင့် ဒေသအတွင်းရှိ အရေးကြီးကုန်စည်များ၊ စျေးနှုန်း မြှင့်တင်ရောင်းချခြင်း ရှိ၊မရှိ၊ ကိုဗစ်နိုင်လျှက်ဆား ရောင်းချမှု ရှိ၊ မရှိ၊ စားသောက်ကုန် သားငါးများ၊ ဟင်းသီးဟင်းရွက်များ၊ အသုံးပြုသည့်ရေများ သန့်စင်မှု ရှိ၊မရှိတို့ကို စီစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အရေးကြီးကုန်စည်များ စျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိကြောင်းနှင့် ကိုဗစ်နိုင်လျှက်ဆား ရောင်းချမှုများ မရှိကြောင်းကိုလည်း စိစစ်တွေ့ရှိရကြောင်း သိရှိရသည်။

သင်းသင်းအေး(ပြန်/ဆက်)