မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်အလှူရှင်များပူးပေါင်း၍ ပရဟိတအသင်းများအား PPE ဝတ်စုံများ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်လျက်ရှိသည့် PPE ဝတ်စုံများကို ယမန်နေ့ နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက် ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်လျင်၌ Lock Down ချထားသော နေအိမ်များနှင့် Stay Home နေသူများအား စားသောက်စရာများလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ မြို့မတောင်ရပ်ကွက်ရှိ Lock Down ချထားသော နေအိမ်များနှင့် Stay Home သတ်မှတ်ထားသော နေအိမ်များရှိ ပြည်သူများအား စားသောက် စရာများ လှူဒါန်းပေးလျက်ရှိကြောင်း ယနေ့ နံနက် ၉ နာရီက မြို့မတောင်နာရေးကူညီမှု အဖွဲ့ထံမှ သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အ-မ-က(၁၂) Quarantine Centre သို့ ကြက်ဥ၊ PPE ဝတ်စုံနှင့် MASK များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဇ)ရပ်ကွက်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီသို့ အ.မ.က(၁၂)ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre ရှိ  Quarantine ဝင်ရောက်နေသူများနှင့် Volunteer အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ ကြက်ဥ၊ PPE ဝတ်စုံနှင့် MASK များကို  ယမန်နေ့ နံနက် ၁၀ နာရီ ကလာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့ ပြည်သူ့ဆေးရုံသို့ အလှူရှင်များက Oxygen Concetrator စက်များ လာရောက်လှူဒါန်း

ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက ကျုံပျော်မြို့ ပြည်သူဆေးရုံသို့ Oxygen Concetrator စက်များကို အောက်တိုဘာလ ၁၇ ရက်နေ့က လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ဦး ဆေးရုံဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉လူနာ ၅ ဦးသည်

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲရုံများပြင်ဆင်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံထားရှိမည့် နေရာများဖြစ်သည့် ကျောင်းများ၊ ဓမ္မာရုံများတွင်  ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်လိုအပ်သည့် Syringe Pump စက်(၄) လုံး ဝယ်ယူရန်အတွက်  စေတနာရှင်ပြည်သူများစုပေါင်း လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊သင်္ဃန်းကျွန်းစံပြပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီးတွင် လိုအပ်နေသည့် Syringe Pump စက်(၄) လုံး ဝယ်ယူရန် စေတနာရှင် ပြည်သူများစုပေါင်းလှူဒါန်းသော ငွေကျပ်(၂၄)သိန်း ကို ယမန်နေ့က  သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၊

​ရွှေကျင်မြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ်(၁၂၀၇) ဦးအား HPV ကာကွယ်ဆေး ထိုးနှံပေးမည်

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်း Human Papilloma Virus (HPV) အိတ်ခ်ျပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ မနက် ၁၀နာရီအချိန်က ခုတင်(၁၀၀)ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to