ရွာသစ်မြို့တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင် ခြင်း ရှိ/မရှိစစ်ဆေး

ကယားပြည်နယ် ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက တောင်ပိုင်း ရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်၌ ဖြတ်သန်း သွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရ သည်။

သန်လျင်မြို့နယ်မှ အခြေခံပြည်သူများသို့ ဆရာတော်ကြီးက ဆန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ မြို့ဟောင်းအလယ်ရပ်ကွက်ရှိ မဟာမဇ္စျိမာရုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တပဏ္ဍဝါဘိဝံသ ဆရာတော်ကြီးက သန်လျင်မြို့နယ်အတွင်းရှိ မြို့ဟောင်းအရှေ့၊ မြို့ဟောင်းအလယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်များမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံပြည်သူ အိမ်ထောင်စု(၄၀၀)တို့အား တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆေး(၁)ဘူးနှင့် ငွေကျပ်(၁)သောင်းစီကို ယနေ့နံနက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်တင်ဆက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့်ကာလအတွင်း စာသင်ကျောင်းများ ယာယီပိတ်ထားရသဖြင့် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မ​ရောမြို့နယ်တွင် သဘာoဘေးအန္တရာယ် ကာကွယ်ရေး (TalkShow) ​ဆွေး​​နွေးပွဲပြုလုပ်

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူး​ပေါင်း၍ သဘာဝဘေးအန္တရာယ် ကာကွယ်​ရေး(Talk Show) ​ဆွေး​​နွေးပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က လူထုအ​ခြေပြုဗဟိုဌာန၊ (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပခုက္ကူခရိုင်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၁ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပခုက္ကူခရိုင်အတွင်း နိုင်ငံရေးပါတီ(၇) ပါတီများမှ စိစစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၉ ဦး၏ အမည်စာရင်းကို အတည်ပြု ကပ်ထား ကြေညာခဲ့သော်လည်း ပြန်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်နေ့၌

ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်မဲထည့်မည့် မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်သည်။

ကိုဗစ် -၁၉ ကာလအတွင်း တောင်ငူမြို့နယ်ရှိ မသန်စွမ်း (၄၀)ဦးအား စားနပ်ရိက္ခာများ ထောက်ပံ့ 

တောင်ငူမြို့နယ်၌ ကိုဗစ် -၁၉ ကာလအတွင်း အခက်အခဲရှိသည့် မသန်စွမ်းများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ် လူငယ်ရေးရာ ကော်မတီမှ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (တောင်ငူ) မှ (၂၀)ဦး နှင့် တွဲလက်ညီ မသန်စွမ်းများအဖွဲ့ မှ (၂၀) ဦး ကို အဆိုပါကော်မတီမှ အဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး အတွက် မဲလက်မှတ်များအား စစ်ဆေး ဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လားရှိုးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းပို့ချ

လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန် က ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to