နမ့်ဆန်၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးခင်မောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် တပ်ဖွဲ့ဝင်များက COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများ ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်ဝေငှခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဘုရားကြီးကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။