စမ်း​ချောင်းမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး စစ်ဆေးခြင်း များဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင်း နေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသူများ၊ စျေးရောင်းသူများနှင့် စျေးဝယ်သူများ ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံး ကျန်းမာရေးနှင့် အညီရောင်းချမှု ရှိ၊မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကာလအတွင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Maskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉နာရီအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံးသို့ ရောက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၀)ကျောင်းသို့ We Love East Dagon အဖွဲ့မှ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းအခက်အခဲ မရှိစေရန်အတွက် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၀)ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို We Love East Dagon အဖွဲ့မှ ယမန်နေ့က ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန် ကျား(၂၄)ဦးနှင့် မ(၁၅)ဦး စုစုပေါင်း(၃၉)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျား တိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

ပုသိမ်မြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပုသိမ်မြိုနယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်း ပမ္မဝတီခန်းမ၌ ကျင်းပသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၅၃)ရပ်ကွက် စံရိပ်ငြိမ်(၄)လမ်းနှင့် အမှတ်(၁၀၅) ရပ်ကွက် ပိတောက်ရွှေဝါလမ်း ခင်းကျင်းနိုင်ရေး အ​ခြေအနေများကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က စတင်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ မဖြစ်ပွါးစေရေး ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကန်ပက်လက် မြို့အဝင်ဂိတ်၌ ကိုဗစ်-၁၉ မဖြစ်ပွါးစေရေး ကျန်းမာရေးစစ်ဆေးမှုများ အရှိန်အဟုန် မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အင်းစိန်တွင် ကိုဗစ်-၁၉ လူနာ စောင့်ကြည့်ရေးစခန်း (၆)ခုတွင် ဆက်စပ်လူနာ (၄၉၄)ဦး ကန့်သတ် စောင့်ကြည့်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းမပေါ်ရှိ အင်းစိန်မြို့နယ် ခန်းမတွင် ပြည်သူ့လူထုအခြေပြု ဖျားနာကုဆေးခန်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ၏ နောက်ဆုံးပတ် တွင် စတင်ဖွင့်လှစ်ထားရာ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ(၁၅၆၃)ဦးရှိပြီး ဆေးရုံ ဆင်းခွင့်ရရှိသူ (၇၅၇)ဦးနှင့် သေဆုံးသူ(၂၃)ဦးရှိပြီး အင်းစိန်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ စောင့်ကြည့်ရေးစခန်း (၆)ခုတွင် ဆက်စပ်လူနာ (၄၉၄)ဦး ကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)အကြောင်း အသိပေးဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး (HPV)အကြောင်း အသိပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ အချိန်ခန့် က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပေါင်မြို့နယ်အတွင်း ပထမအကြိမ်ဆန္ဒမဲပေးမည့် လူငယ်များ စနစ်တကျ မဲပေးတက်အောင် သင်တန်း ပို့ချပေး

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမအကြိမ်ဆန္ဒမဲပေးကြမည့် လူငယ်များ စနစ်တကျ မဲပေးတက်အောင် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် စိတ္တသုခလူမှု ကူညီရေး အသင်း အစည်းအဝေးခန်းမ၌ အသိပညာပေးသင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
Subscribe to