ငံရိုးကျေးရွာ သာသနာပြုကျောင်း၌ ပထမအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဒီးမော့ဆိုမြို့နယ် ငံရိုးကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ငံရိုးသာသနာပြုကျောင်း ဒက္ခိဏာရာမ ဓမ္မာရုံအတွင်း၌ ပထမအကြိမ် ကျင်းပပြုလုပ်သော အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။