ဆဒုံးမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်း

ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ မိုးစပါးရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်တွင်၊ ဘာခေါင်ကွင်း၌ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဂမ်ဆိုင်းတို့က ဦးဆောင်ပြီး တောင်သူများနှင့် မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များအား ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေး

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ များပြားလာပြီဖြစ်သည့်အတွက် မြို့နယ် အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးများတွင် မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးခြင်း လုပ်ငန်းကို ယနေ့နေ့လည် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဆေးဖျန်းခြင်းများ ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးတို့အတွက် တံတားမြို့မေတ္တာသင်္ဂဟ လူငယ်ပရဟိတ သွေးလှူရှင်များအဖွဲ့နှင့် သုံးခွမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက ကလိုရင်းပိုးသတ်ဆေး ဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များပြည့်စုံမှန်ကန်မှုရှိရေး ရေတွက်  စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များ ပြည့်စုံ မှန်ကန်မှုရှိရေး ရေတွက်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် သာသနာ့ဗိမ္မာန်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၆၄၁၃၂) ဦးရှိ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၆၄၁၃၂) ဦးရှိကြောင်း ခရိုင်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း (mask) တပ်ဆင်မှု အလေးထား ဆောင်ရွက်ရန် နေ့စဉ်ကြပ်မတ်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့မနက်(၉)နာရီက မြို့မဈေးကြီးအတွင်းနှင့် မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်း မရှိသူများအား ဒဏ်ကြေးငွေ ပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန်‌ နေ့စဉ်ကြပ်မတ် စစ်‌ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင်  နယ်မြေအေးချမ်းလုံခြုံရေး မှုခင်းများလျော့နည်းကျဆင်း စေရေး အတွက် လှည့်ကင်းများဖြင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး နယ်မြေ အေးချမ်းလုံခြုံရေး၊  မှုခင်းများ လျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ် လှည့်ကင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ည ၁၀ နာရီက  ဒုရဲအုပ် ဝင်းခိုင်ဦးဆောင်သောအဖွဲ့နှင့် ရဲအုပ် အောင်မွန် ဦးဆောင် သောအဖွဲ့တို့မှ   မြိုနယ်အတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်၌ ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်း ဆောင်ရွက်

လေးမျက်နှာမြို့နယ်သို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသော ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ အောက်တိုဘာလ ၁၇ ရက်၊၁၈ ရက်နေ့များတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ဖွင့်ဖောက်စစ်ဆေးခဲ့သည်။
Subscribe to