လားရှိုးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းပို့ချ

လားရှိုး အောက်တိုဘာ ၁၉

လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန် က ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်း ဦးစီး၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များဆောင်ရွက်ရမည့် ဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန် အချက်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲစာရင်းများထုတ်ပိုးခြင်း၊ မဲရုံမှူး၏လုပ်ငန်းတာဝန်များ၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်လုပ်ငန်းတာဝန်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လက်စွဲစာအုပ်အစရှိသည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် လုပ်ငန်းအကြောင်းအရာများကို ပို့ချခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို အောက်တိုဘာ(၁၉)ရက်မှ အောက်တိုဘာ(၂၂)ရက်နေ့အထိ ပို့ချမည်ဖြစ်ပြီး သင်တန်းများအား အချိန်ပိုင်းအလိုက် ပို့ချကာ သင်တန်းချိန် တစ်ခုလျှင် သင်တန်းသား/သူ (၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ပို့ချခဲ့သည်။

လားရှိုးမြို့နယ်အနေဖြင့် မဲဆန္ဒနယ် အမှတ်(၁) (၂)ဟူ၍ ရှိနေပြီး မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်၊ နမ့်ပေါင်ဂွင်၊ နောင်မွန်ဂွင်၊ ဟိုပိတ်ဂွင်၊ မြို့မဂွင်၊ မိုင်းယော်ဂွင်၊ မန်ကောင်း(မိုင်းယန်း)ဂွင်တို့ ပါဝင်ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)