မိုင်းယောင်း၌ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဖလမ်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ စတင်ထုတ်ပေး

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖလမ်းမြို့၌ မတ် ၃ ရက်နေ့မှစ၍ အခြေခံပညာအထက်တန်းကျောင်းများ၌ စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

အင်းတော်ကြီး ရွှေမဉ္ဇူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် COVID – 19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့တွင် ကျင်းပလျက်ရှိသည့် သမိုင်းဝင် ရွှေမဉ္ဇူရေလယ်စေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် လာရောက်ကြသူများအား COVID– 19 ရောဂါကာကွယ်ရေးအတွက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ နှားခေါင်းစည်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို နေ့စဉ်ဖြန်ဝေပေးလျက်ရှိကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြသ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၁နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ကွင်းပြင်၌ ပြုလုပ်ကျင်းပသည်။

ကော့ကရိတ်ခရိုင်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မီးသတ်ဦးစီးဌာနသည် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စာစစ်ဌာနများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ခိုင်ကမ်းမြို့တွင် ပြည်သူ့စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခိုင်ကမ်းမြို့ရုံးနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ခိုင်ကမ်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဒီးမော့ဆိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေးစစ်ဆေး

၂၀၂၀ ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများတွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ ယမန်နေ့ ညနေ ၃ နာရီခွဲက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်စခန်းတွင် အသိပညာပေးဟောပြော

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ဖွင့်လှစ်​သော "ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်း (၁/၂၀၂၀)" သို့ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ယမန်နေ့က သွားရောက်ပြီး အသိ ပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

နမ့်ဆန်၌ Novel Corona Virus ကြိုတင်ကာကွယ်ရေး လူစုလူဝေးမလုပ်ရန် မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်နှိုးဆော်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ Novel Corona Virus ကြိုတင်ကာကွယ်ရေး လူစုလူဝေး မလုပ်ရန်၊ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ခရီးသွား မိဘပြည်သူများအား စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်(၇)နာရီမှစ၍ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတားဆီးကာကွယ်ရေး အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ရှင်ဗွေယန်မြို့တွင် ကျင်းပ

ကချင်ပြည် မြစ်ကြီးနားခရိုင် ရှင်ဗွေယန်မြို့တွင် ရပ်ကွက် ကျေးရွာအုပ်စု မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲသော ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to