လေရှီးမြို့၌ မဲရုံတာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများ အား ကိုဗစ်-၁၉ ရောဂါပိုး များ ရှိ/မရှိကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေအောင်စိုး ဦးဆောင်သောအဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးတို့က ယနေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့၌ MASK တပ်ဆင်သွားလာရေး အသိပညာပေးနှင့် မတပ်ဆင်သူများအား ဒဏ်ငွေပေးဆောင်စေခြင်း ဆောင်ရွက်

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် MASK တပ်ဆင် သွားလာရေး အသိပညာပေးခြင်းကို မိုင်းရယ်မြို့မဈေးနှင့် မြို့ဝင်စစ်ဆေးရေးဂိတ်များတွင် ဆောင်ရွက်လျှက်ရှိသည်။

မက်မန်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့တွင် ယာယီမဲရုံ ဆောက်လုပ်နိုင်ရေး၊ မဲရုံသုံးပစ္စည်းများ မဲရုံများသို့ အချိန်မီရောက်ရှိနိုင်ရေး ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည် (၂)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မလှိုင်မြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ( HPV ) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးမည်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် မိန်းကလေး များအား (HPV ) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံကြီး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည် ။

မီးသတ်တပ်ဖွဲ့ဝင်များအား အသက်ကယ်နည်းစနစ်နှင့် ကူညီကယ်ဆယ်ရေးစနစ်များ ကျွမ်းကျင်မှု ရှိစေရေး လေ့ကျင့်

မွန်ပြည်နယ် မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်မီးသတ်တပ်ဖွဲ့ဝင်များရှာဖွေကယ်ဆယ် ရေးသုံး ပစ္စည်းများဖြင့် အသက်ကယ်နည်း စနစ်များ ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့်မှုများကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်များတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

စလင်းမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အမျိုးသမီးငယ်လေးများ အား သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ်ဆေး ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအစီအစဉ် ထည့်သွင်းခြင်း မြို့နယ်အဆင့်အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က စလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး စည်သူ ခန်းမဆောင်၌ကျင်းပသည်။

တီးတိန်၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးအကြောင်းအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

တီးတိန်၌ကိုရီးယားသမ္မတနိုင်ငံ(CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

ကိုရီးယားသမ္မတနိုင်ငံ(CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာန ပူးပေါင်း၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်း အခမ်းအနားကို တီးတိန်မြို့နယ်၊ ဆွောင်းဇန်ကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

မက်မန်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ခင်းကျင်းပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန က ပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ် စာစောင်များကို အောက်တိုဘာ ၁၅ ရက်နေ့ နံနက် (၁၀)နာရီ က ပြသခဲ့သည်။
Subscribe to