ကဝ အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းကြည်က ကြိုတင်ဆန္ဒမဲပေးရာတွင် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုး တပ်ဆင်ချိတ်ပိတ်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကြိုတင် ဆန္ဒမဲပုံးအား လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရှေ့တွင် လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်ခဲ့သည်။
ကဝမြို့နယ်တွင် ရပ်ကွက် (၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၁)အုပ်စုမှ အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအရ (၁၅၆၈၁၃) ဦးရှိပြီး မဲရုံပေါင်း(၁၆၉)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)