ကျိုက်မ​ရောမြို့နယ်တွင် သဘာoဘေးအန္တရာယ် ကာကွယ်ရေး (TalkShow) ​ဆွေး​​နွေးပွဲပြုလုပ်

ကျိုက်မရော  ​​အောက်တိုဘာ   ၁၉

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး(Talk Show) ​ဆွေး​​နွေးပွဲကို   ယနေ့နံနက် ၁၀ နာရီခန့်က လူထုအခြေပြုဗဟိုဌာန၊ (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ချို မြတ်မြတ်ထွေးကဆွေးနွေးပွဲ (Talk-Show)ပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်မီးသတ် ဦးစီးဌာနမှဒု-မီးသတ်ဦးစီးမှူးဦးဖြိုးဝေအောင်က သဘာဝဘေးအမျိုးအစားများနှင့် သဘာဝဘေး အန္တရာယ်မဖြစ်ပေါ်မီနှင့် ဖြစ်ပေါ်ပြီး အချိန်များ၌ ပြည်သူများလိုက်နာဆောင်ရွက်ရမည့် ​ ​ရှောင်ရန်/​ဆောင်ရန် အချက်များကိုဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရသည်။ ယခုလို မိုးရာသီကုန်ခါနီးဆောင်းရာသီ သို့ကူးပြောင်းချိန် ရာသီဥတု အကူးအပြောင်း၌ ကျိုက်မရောမြို့နယ်တွင် ရှေ့လေများ ပြင်းထန်စွာ တိုက်ခတ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကို အထူးသတိထားကြစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကိုလည်းဆောင်ရွက်ထားကြရန်ဆွေးနွေးရှင်းလင်းခဲ့သည်။ ထိုဆွေးနွေးပွဲကို IPRD  Kyaikmaraw facebook Page တွင်လည်းဝင်ရောက်ကြည့်ရူနိုင်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)