မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်တင်ဆက်

မိုင်းယောင်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့်ကာလအတွင်း စာသင်ကျောင်းများ ယာယီပိတ်ထားရသဖြင့် မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်လက်ထောက် (၃)ဒေါ်နန်းပန်၊ ရုပ်သံကျွမ်းကျင် (၃) ဦးအားချာနှင့် အငယ်တန်းစာရေး ဒေါ်နန်းစီဖေါင်းတို့က ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်/ဉာဏ်သွေးဖွံ့ဖြိုးစေရေး၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်စေရေးအတွက် အရုပ် ခေါက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းစသည့် အစီအစဉ်များကို မိုင်းယောင်းမြို့နယ် ပြည်သူ့စာကြည့်စာကြည့်တိုက် Facebook page တွင် ရိုက်ကူးထုတ်လွင့် တင်ဆက်ပေးလျက်ရှိသည်။

ထို့ပြင် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်း ကမ်း နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့် အသိပညာပေးလိုသည့် အကြောင်းအရာ များကိုလည်း လူစုလူဝေးနှင့် ပြုလုပ်နိုင်ခြင်းမရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကာလတွင် အသိပညာပေး Talk Show အစီအစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြုလုပ်ပြီး IPRD Mongyawng Facebook page တွင် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

စိုင်းအောင်ဇော်လင်း