ရွာသစ်မြို့တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင် ခြင်း ရှိ/မရှိစစ်ဆေး

ရွာသစ် အောက်တိုဘာ ၁၉

ကယားပြည်နယ် ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက တောင်ပိုင်း ရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်၌ ဖြတ်သန်း သွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရ သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူးစက်မှုနှုန်း များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး သွားလာခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက် များ၊ စည်းကမ်းချက်များနှင့်အညီ ပြည်သူများ လိုက်နာနေထိုင် သွားလာမှုရှိစေရေးအတွက် ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိရှိစေရေး အသိပညာပေးပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများ အား အရေးယူဆောင်ရွက်သည့် အနေဖြင့် (Mask) တစ်ခုကို ငွေကျပ် (၂၀၀)နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)