မယ်စဲ့မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ညှိနှိုင်းဆွေးနွေး
ပြည်သူထူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်းဖြင့် ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအဖွဲ့ (IRC) ၏ ထောက်ပံ့မှုဖြင့် မြို့နယ်ဆေးရုံ အထောက်အကူပြုအဖွဲ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီက မယ်စဲ့မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။