သံဖြူဇရပ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာ အသိပေး ဆွေးနွေးပွဲ ပြုလုပ်
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးငယ်ကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါ (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအစီအစဉ်တွင် ထည့်တွင်းခြင်း မြို့နယ် အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။