ရှားတောမြို့၌ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှု လျော့နည်းပပျောက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ
ကယားပြည်နယ်၊ ရှားတောမြို့နယ် စုပေါင်းရုံးခန်းမ၌ သဘာဝသစ်တော သယံဇာတ ပြုန်းတီးမှု လျော့နည်းစေရန်နှင့် ဒေသရေမြေနှင့် လိုက်လျောညီထွေသည့် ရာသီဉတုရရှိစေရန် ရည်ရွယ်၍ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှု လျော့နည်းပပျောက်ရေး တောင်သူပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။