ကျိုက်မရော၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအကြောင်း အသိပညာပေး ဆွေးနွေး

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၌မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နေ့လယ် ၂ နာရီက ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကျေးသီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (HPV ) ကာကွယ်ဆေးထည့်သွင်း ထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် တွင်(HPV) ကာကွယ်ဆေးထည့် သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မေတ္တာမြို့၌ ၂၀၂၀ခုနှစ်၊ ရွေးကောက်ပွဲဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာအသိ ပညာပေး စာစောင်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံး ရှေ့နံရံကပ် ပြဘုတ်၌ ယမန်နေ့ နေ့လယ်ပိုင်းကအ သိပညာပေး စာစောင် များကိုပြသထားကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

သထုံခရိုင် ပေါင်မြို့နယ်တွင် (HPV) ကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံခြင်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။

အင်းတော်မြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင် ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲကျင်းပ

HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အသိပေးဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ကွမ်းလုံမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မြို့နယ်ကြိုတင်မဲပုံးအတွင်း မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများ စတင်ထည့်သွင်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မြို့နယ်ကြိုတင်မဲပုံးအတွင်း မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများ စတင်ထည့်သွင်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် အသက်(၆၀)နှင့်အထက်ဆန္ဒမဲပေးခွင့်ရှိသူ ခုနှစ်သိန်းခွဲကျော်ရှိပြီး ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်သွားရောက် မဲပေးရန် အခက်အခဲရှိပါက နေအိမ်တွင် မဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားမည်

၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အသက်(၆၀)နှင့်အထက်ကြိုတင် ဆန္ဒမဲပေးခွင့် ရှိသူ(၇၅၈၅၉၂)ဦး ရှိပြီး ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက် မဲပေးရန်အခက် အခဲရှိပါက နေအိမ်တွင်မဲပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်(သို့)ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များမှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ သိရသည်။

အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှသန်လျင်ပရဟိတအဖွဲ့များသို့ထောက်ပံ့ငွေများပေးအပ်

မြန်မာနိုင်ငံအမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့မှသန်လျင်မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်ပါဝင်ကူညီလျက်ရှိသည့် ပရဟိတအဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ပွဲ ကိုယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပ သည်။ ရှေးဦးစွာသန်လျင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးလွင်ကိုလတ်နှင့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်

ရွှေပြည်သာ မြို့နယ်ကိုဗစ်-၁၉ကော်မတီသို့အလှူငွေများ၊ဆီပုံးနှင့်ထမင်းဘူးများလာရောက်လှူဒါန်း

ရန်ကုန်‌‌‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်    ကိုဗစ်-၁၉ ကူးစက်မှုမပျံ့ပွားစေရန်နှင့်  ကာကွယ် ထိန်းချုပ်နိုင်စေရန်  ရည်ရွယ်၍  ကိုဗစ်-၁၉    ပိုးတွေ့လူနာများနှင့်စပ်ဆက်ထိတွေ့သူများအား  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ
Subscribe to