ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသူ (၁၉) ဦးအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဓာတ်ခွဲနမူနာများရယူ

​ကျောက်ဆည်၊ အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊ နည်းပညာတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက် နေသူ (၁၉) ဦးအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဓာတ်ခွဲနမူနာများရယူခြင်းကို ယနေ့နံနက် (၁၀) နာရီက ကျောက်ဆည်နည်းပညာတက္ကသိုယ် အနော်ရထာအဆောင်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ခွဲနမူနာများရယူရာတွင် ရန်ကုန်မှပြန်လည်ဝင်ရောက်လာသူ (၂) ဦး၊ အိုးဘိုထောင်မှ ပြန်လာသူ (၁) ဦး၊ မူဆယ်မြို့မှပြန်လာသူ (၁) ဦး၊ မန္တလေးမြို့မှ ပြန်လာသူ (၁) ဦး၊ ဟုမ္မလင်းမြို့မှ ပြန်လာသူ (၁) ဦး၊ နည်းပညာတက္ကသိုလ်နှင့် ဖျောက်ဆိပ်ပင်ကျန်းမာရေးဌာမှ Facility Quarantine ဝင်ရောက်နေသူများအား စောင့်ကြပ်ကြည့်ရှုနေသည့် ကျန်းမာ ရေးဝန်ထမ်း(၅)ဦး၊ ကိုဗစ်-၁၉ရောဂါပိုးရှိသူနှင့် ထိတွေ့မှုရှိခဲ့သူ(၈)ဦး  စုစုပေါင်း (၁၉) ဦး တို့၏ ဓာတ်ခွဲနမူနာများ ပထမအကြိမ် ရယူခဲပြီး အဆိုပါ ဓာတ်ခွဲနမူနာများတွင် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ပြည်သူ့ကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာန (မန္တလေး)သို့ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ခွဲနမူနာများရယူရာတွင် ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်မင်းမင်းစိန် ကြီးကြပ် မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြပြီး ဓာတ်ခွဲအဖြေများကို ပြည်သူများ အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရေး ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)