မြစ်သားမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျွဲနွားတိရစ္ဆာန်များအားနွားမေထုံမဲ့သားစပ်ခြင်း နှင့်ပေါင်ပုပ် လက်ပုပ်ကာကွယ်ဆေးထိုးနှံခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျွဲနွား တိရစ္ဆာန် များအား နွားမေထုံမဲ့ သားစပ်ခြင်းနှင့် ပေါင်ပုပ်လက်ပုပ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း များအား ယနေ့ညနေ (၃)နာရီက ဒိုင်းကျေးရွာတွင် ကွင်း ဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပလောက်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV ကာကွယ်ဆေးစတင် ထည့်သွင်း ထိုးနှံခြင်း အစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ပလောက်မြို့ တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း အစည်းအဝေးပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၁)နာရီ အချိန်က ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာ​ရေးနှစ်​ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်း(VDP)နှင့် မြစိမ်း​ရောင်​ကျေးရွာ​ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် စိုက်ပျိုး​ရေး​မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန၊​မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ​ ကျေးလက်​နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ပကတိ လိုအပ်ချက်များ​ဖော်ထုတ်ပြီးဦးစား​ပေးအစီအစဥ်အလိုက် စီမံချက်များ​ရေးဆွဲ ဖော်ထုတ်နိုင်​​​စေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာ​ရေးနှစ်​ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်း(VDP)နှင့်မြစိမ်း ရောင်​ကျေးရွာ​ရွေးချယ်ခြင်းအခမ်း အနားကို ယ​နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ် ရေးမှူးရုံးအစည်းအ​ဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာ၌စီးပွားဖြစ်၀ဥလုပ်ငန်းများ ဈေးအနည်း ငယ်ကျဆင်းသော်လည်း ဆက်လက် လုပ် ကိုင်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာတွင် စီးပွားဖြစ်၀ဥများ ယခင်နှစ်ထက် အထွက်နည်းပြီး စျေးကွက် အတွင်း စျေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ၀ဥအရောင်း အ၀ယ် လုပ်ကိုင်သူများထံမှ သိရသည်။

ဒလမြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၃၅၀ အား စားသောက်ကုန်(၉)မျိုး ထောက်ပံ့လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်း၌ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အမှန်တစ်ကယ် အခက်အခဲရှိသော တံတားချောင်း စံပြကျေးရွာအုပ်စု စံပြ(၇)လမ်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၃၅၀ အတွက် အခြေခံ စားသောက်ကုန် ၉ မျိုးကို ယနေ့ မွန်းလွဲ ၁ နာရီက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ စည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ စည်ပင်သာယာဈေးတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၅)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ထပ်မံဆင်းခွင့်ရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ကုသပေးလျက်ရှိရာ ရောဂါပျောက်ကင်း ကျန်းမာ၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၇)ဦး ထပ်မံဆေးရုံဆင်းခွင့်ရခဲ့ ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းသားကျောင်းသူများ တီထွင်ပြုလုပ်သော အဝေးထိန်းသယ်ယူပို့ဆောင်စက်(Remote Controlled Trolley)ကို မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီးသို့ လှူဒါန်း

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကချင်ပြည်နယ် ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မေဖြိုးဦးက ဦးဆောင်ကြီးကြပ်၍ ကျောင်းသားကျောင်းသူများတို့သည် ကို-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအထောက်အကူပြု အဝေးထိန်းသယ်ယူပို့ဆောင်စက်(Remote Controlled Trolley)ကို အောက်တိုဘာလ ၁၉ ရက် နေ့လယ်ပိုင်းက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေများလှူဒါန်း

မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး လူမှုရေးဝန်ကြီးရုံးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေများ လှူဒါန်းပွဲကျင်းပသည်

စဉ့်ကိုင်မြို့နယ်တွင် ပထမအကြိမ် မဲရုံမှူးသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပထမအကြိမ်မဲရုံမှူးသင်တန်းကို ယနေ့နံနက် (၉)နာရီက တရုတ်စုရပ်ကွက်မြို့ ဦးပရိယတ္တိစာသင်တိုက် ဇာမဏီဓမ္မသာလဓမ္မာရုံတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Subscribe to