ကျိုင်းတောင်းမြို့တွင် အိတ်ချ်ပီဗီကာကွယ်ဆေး ထိုးကြပါစို့ ပိုစတာများနှင့် ကျန်းမာရေး အသိပညာပေး ဗီနိုင်းများ ချိတ်ဆွဲပြသ

ကျိုင်းတောင်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောက်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးမျိုးသက်ဦးနှင့် ဦးပြည့်ဖြိုးသူ တို့မှ ယနေ့ နံနက်ပိုင်းက အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးကြပါစို့ ပိုစတာများနှင့် ကျန်းမာ‌ရေး အသိပညာပေး ​ဗီနိုင်းများကို  လူစည်ကားရာ နေရာများ၊ ရပ်ကွက်ကျေးရွာများအတွင်း၌ ကပ်၍ကြေညာခဲ့ကြောင်း သိရသည်။ 

အဆိုပါ အသိပညာပေးပိုစတာတွင် အိတ်ခ်ျပီဗီကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရတဲ့ ကာကွယ်ဆေးဖြစ်ပြီး အိတ်ခ်ျပီဗီရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလမှစပြီး နှစ်စဉ်အခမဲ့ ထိုးနှံပေးနေပါပြီဖြစ်ကြောင်း၊ အသက် (၉)နှစ် မှ (၁၀) နှစ်ထိ မိန်းကလေးတိုင်းကို တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြားပြီး (၂)ကြိမ် ထိုးရမည့် အကြောင်း၊ အိတ်ခ်ျပီဗီ ကာကွယ်ဆေးထိုးရမည့် နေ့ရက်နှင့် နေရာကို နီးရာကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးမှူးရုံးများတွင် စုံစမ်းရန် စသည့်အသိပညာ‌ပေးစာများ ပါဝင်ကြောင်း သိရသည်။

ကျိုင်းတောင်း (ပြန်/ဆက်)