ကျေးရွာအားကစားကွင်း ဖော်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် ကျေးရွာအားကစားကွင်း ဖော်ဆောင် နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့သည်။