လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညို မြို့နယ်၊ ဆင်‌ခေါင်း‌ကျေးရွာအုပ်စု၊ ကိုးတောင်မကျေးရွာ၌ အောက်တိုဘာ ၁၈ ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သော နေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ပြည်သူလက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့သည်။

မင်းကင်းမြိုနယ်၌ စုစုပေါင်း ဆန္ဒမဲလက်မှတ် (၂,၅၃၅) အုပ်တို့ကို နေ့ချင်းပြီး စစ်ဆေးဆောင်ရွက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ အသုံးပြု မည့် ဆန္ဒမဲလက်မှတ် များကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ယနေ့နေ့လယ်ပိုင်းက စတင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ မင်းရာဇာခန်းမ တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေး

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ပြည်နယ် အဆင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီခွဲအချိန် က ရှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန သုံးထပ်ဆောင် အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စုရှိ အ.လ.က - မုဒုံ (၂) ကျောင်းဆောင်ပြိုလဲသွားသည့် အဆောင်အား ဖြိုချရှင်းလင်းမှုများ ဆောင်ရွက်

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု မုဒုံ(၂) ကျေးရွာရှိ အလက-မုဒုံ(၂)ကျောင်းဆောင်မှာ ယခုလ (၁၆) ရက်ည (၁၀) နာရီအချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သည်။

ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အသက် (၆၀) နှစ်အထက်ရှိသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၀) နှစ်အထက်ရှိသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁၂ နာရီက အောင်မြေသာစံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ဟင်္သာတမြို့နယ်၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင် တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen (RDT) Test Kit ဖြင့်စစ်ဆေးခြင်းကို ယမန်နေ့‌ မွန်းလွဲပိုင်းက မြို့တော်ခန်းမ၌ စစ်ဆေးခဲ့ကြောင်းသိရသည်။

ပြည်မြို့(ဆင်မကြပ်)စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အဝင် (ဆင်မကြပ်)လမ်းဆုံစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ ပူးပေါင်းအဖွဲ့က အဆိုင်းသုံးဆိုင်းဖြင့် နေ့/ည မပြတ်အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အစီအစဉ်တွင် ထည့်သွင်းခြင်း မြို့နယ်အဆင့် အသိပညာပေးဆောင်ရွက်

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အစီအစဉ် တွင်ထည့်သွင်းခြင်းမြို့နယ်အဆင့် အသိ ပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၂) နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံဝင်း ပြင်ပလူနာ ဆောင် သစ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပိုင်ကျုံမြို့တွင် ပွင့်လင်းရာသီရောက်ရှိပြီးဖြစ်၍ မိုးနိုင်းကျေးရွာ ဝါးကြမ်းခင်းတံတားဆောက်လုပ်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက်မှ မိုးနိုင်းကျေးရွာသို့ အဆင်ပြေချောမွေ့စွာ ဆက်သွယ်သွားလာနိုင်ရန်အတွက် အောက်တိုဘာလ (၁၂) ရက်နေ့ကစတင်၍ မိုးနိုင်းကျေးရွာ ဝါးကြမ်းခင်းတံတား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to