အိမ်မဲမြို့နယ်၌ ကိုဗစ်-၁၉ Positive ပိုးတွေ့ရှိ၍ ယာယီဆေးရုံတွင် တက်ရောက် ကုသနေသည့်လူနာ(၅)ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ တတိယအကြိမ်မြောက် ဆင်းခွင့်ရ

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ Covid-19 Positive ပိုးတွေ့ရှိ၍ Covid-19 ယာယီဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူနေသည့် လူနာ(၅)ဦးသည် အောက်တိုဘာလ ၁၉ ရက်နေ့က ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ တတိယအကြိမ်မြောက်ဆင်းခွင့်ရရှိကြောင်းသိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတွင် အသုံးပြုရန်ငွေကြေးနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၅ဝ)ဦး ရှိပြီဖြစ်ပါသည်။ ပိုးတွေ့လူနာများပြားနေသည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် မြို့မိ၊ မြို့ဖများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ကာကွယ်တားဆီးရေး လုပ်ငန်းများကို ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အတူအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ချီဖွေမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး စစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချီဖွေမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

မင်းတပ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်

မင်းတပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

သံတောင်ကြီးမြို့တွင် ပိုးတွေ့လူနာ(၁)ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ပြု

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့တွင် (၉-၁၀-၂၀၂၀) ရက်နေ့တွင် အထူးရဲ သင်တန်းမှ သင်တန်းနည်းပြ (၈) ဦးနှင့် သင်တန်းသား(၂၀)ဦးကို Test Kit ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် တို့ကို စစ်ဆေးခဲ့ရာ သင်တန်းသား(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေရှိခဲ့သည့်အတွက် သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူစေခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန် လာသည့်အတွက် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် အသက် (၆၀) နှစ်အထက်ရှိ မဲဆန္ဒရှင်ဦးရေ ၂၅၀၀၀ ကျော်ရှိ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၀) နှစ်အထက်ရှိ မဲဆန္ဒရှင်ဦးရေ ၂၅၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဝံသပါလ မိဘမဲ့ပရဟိတကျောင်းရှိ ကလေးများအား အာဟာရနို့တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် ရမည်းသင်းမြို့ ဝံသပါလ မိဘမဲ့ ပရဟိတကျောင်း အသက် (၁၀)နှစ် အောက်ကလေး(၄၈)ဦးအား အာဟာရနို့တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ အာဟာရနို့တိုက်ကျွေးခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ ရောဂါလျော့ချနိုင်စေရေးအတွက် ရည်ရွယ်ပြီး သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးဆိုင်ရာ

ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံမှု အသိပညာပေးဆွေးနွေး

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း အစီအစဉ် တွင် စတင်ထည့်သွင်းထိုးနှံခြင်းအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ဆေးရုံသုံးပစ္စည်းများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုနိုင်ရန် ဆေးရုံသုံးပစ္စည်းများကို အဖြူရောင်သူငယ်ချင်းများ ပရဟိတအဖွဲ့မှ ယမန်နေ့ နံနက် ၉ နာရီက သွားရောက် လှူဒါန်းခဲ့သည်။
Subscribe to