စစ်ကိုင်း၊ အောက်တိုဘာ ၁၉
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီး နိုင်ရေးအတွက် ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နံရံကပ် စာစောင်များ ပြသထားကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်များ ပြသထားရာတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေးများ၊ “မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ အတတ်ပညာ-နည်းလမ်းများ”၊ “ကလေးသူငယ်/လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက် တစ်ရပ် ပြုလုပ်ပါ” ကလေးများနှင့်အတူတူ သတင်းကြည့်ရာဝယ်၊ အချက်အလက် နှင့်ထင်မြင် ယူဆချက်တို့ကို ခွဲခြားဖို့ခက်နေပါသလား” စသည့် အသိပညာပေး နံရံကပ်ပိုစတာရောင်စုံ များအား နံရံကပ်ပြဘုတ်များဖြင့် ပြသထားကြောင်းသိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အသိပညာ ပေးလုပ်ငန်းများကို Online မှလည်းကောင်း၊ မြေစိုက်နံရံကပ်ဘုတ်များဖြင့်လည်းကောင်း ပြည်သူ များသို့ အသိပညာပေးများ လုပ်ဆောင်ပေး လျက်ရှိကြောင်း သိရသည်။
မျိုးဝင်း(စစ်ကိုင်း)