တမူးမြို့Quarantine Centre ရှိ ကန့်သတ်စောင့်ကြည့်သူများထံမှ နှာခေါင်း၊ အာခေါင် တို့ပတ် နမူနာရယူခြင်း၊ Test Kit ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်

တမူး၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF)  Quarantine Centre တွင် ကန့်သတ်စောင့်ကြည့်ထားသည့် Positive လူနာနှင့် အနီးကပ်ထိတွေ့သူ  ပြည်သူ(၄၀)ဦးတို့အား နှာခေါင်းနှင့်အာခေါင် တို့ဖတ် Swapနမူနာ ရယူခြင်း၊ လူနာနှင့်ထိတွေ့သူ ကျန်းမာရေးဝန်ထမ်းသုံးဦးနှင့် အနံ့မရရှိသူ ကျန်းမာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း လေးဦးတို့အား Rapid Diagnosis Test Test ဖြင့်စစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရနှင့် ကျန်းမာရေး ဝန်ထမ်းများက Positive လူနာနှင့်ထိတွေ့သူ ကျန်းမာရေးဝန်ထမ်း သုံးဦးနှင့် ခမ်းပါတ်မြို့မှ အနံ့မရသူ ကျန်းမာရေးဝန်ထမ်း တစ်ဦးတို့အား Rapid Diagnosis Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်းသိရှိရသည်။

ထို့နောက် လူနာနှင့်အနီးကပ် ထိတွေ့သူ (၄၀)ဦးတို့၏ နာခေါင်းနှင့်အာခေါင် တို့ပတ်နမူနာများ အား ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးရယူကြပြီး လည်းကောင်းတို့၏ ဓာတ်ခွဲ နမူနာများအား မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရှိရသည်။

တမူးမြို့တွင် Covid-19 Positive စတင်တွေ့ရှိသူ လူနာသည် တမူးခရိုင်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် သီးသန့် စောင့်ကြည့်ကုသလျက်ရှိပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရ ထံမှ သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)