မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းမျာ

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၁၃)ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည် ရောက်ရှိ နိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ(၁၈)ရက်နေ့၊ ညနေ(၆) နာရီ အချိန် က(၃)ဉီးနှင့် ယမန်နေ့ ညနေ(၄)နာရီခွဲ အချိန်က(၁၀)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၃)ဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင် ပေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (HPV)ကာကွယ်ဆေးကို ပုံမှန် ကာကွယ် ဆေးထိုးအစီအစဉ်တွင် စတင်ထည့် သွင်းထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့ရိုးရာဓလေ့ဖြစ်သည့် ဆွမ်းအုပ်ဖြင့် ဆွမ်းပို့သည့် ကျေးရွာများအတွက် ဆွမ်းအုပ်များ ထောက်ပံ့

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်၌ ကျေးရွာအချို့တွင် မြန်မာ့ရိုးရာဓလေ့ဖြစ်သည့် ဆွမ်းအုပ်ဖြင့် ဆွမ်းပို့သည့်စနစ် ကျန်ရှိနေ သေးရာ အဆိုပါဓလေ့စရိုက်များ ရေရှည်တည်တံ့ နိုင်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန်အတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆွမ်းအုပ်များထောက်ပံ့ပေးကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိရေး ဖွင့်ဖောက်စစ်ဆေး

သာပေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိရေးအတွက် ဖွင့်ဖောက် စီစစ်ရေတွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန်တွင် မြို့နယ်ဘန်ရူခန်းမ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ သီးနှံမျိုးစေ့များ အခမဲ့လိုက်လံဖြန့်ဖြူးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း မိသားစုတစ်ပိုင်တစ်နိုင် Home Garden အိမ်ရာခြံဝန်း စိုက်ခင်းများ၌ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)တပ်ဦးကျောင်း၊ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများ၏ အိမ်သို့ မျိုးစေ့များ အခမဲ့လိုက်လံဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၂၁ ရွာအတွက် တိုင်းဒေသကြီး အစိုးရ ဘတ်ဂျက် ကျပ်သိန်းပေါင်း ငါးသောင်းဝန်းကျင် လျာထား

မန္တလေးတိုင်းဒေသကြီးအနေဖြင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ၅ ဘီလီယံ (ကျပ်သိန်းပေါင်း ငါးသောင်း ဝန်းကျင်) လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
Subscribe to