ပလောက်မြို့၊ စည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပလောက်၊ အောက်တိုဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ စည်ပင်သာယာဈေးတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပလောက်မြို့အတွင်းရှိ လူစည်ကားရာနေရာဖြစ်သော ဈေးများ၊ စားသောက် ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းနှင့် Face Shield တပ်ဆင်ပြီး မှသာ ဈေးရောင်းဈေးဝယ်ကြစေရန်၊ ဈေးရောင်းဈေးဝယ်သူများအား တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး တွင် ရောင်းချဝယ်ယူကြရန် စသည့်အချက်များဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ ပလောက်မြို့ စည်ပင်သာယာရေးအဖွဲ့ မြို့တာဝန်ခံ ဦးသွင်စည်သူကျော်ထွေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်းဈေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကထုတ်ပြန်ထားသည့်စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်မှုမရှိပါက အပြစ်ပေးအရေးယူမှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်  (ပလောက်၊ ပြန်/ဆက်)