မြစ်သား အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျွဲနွား တိရစ္ဆာန် များအား နွားမေထုံမဲ့ သားစပ်ခြင်းနှင့် ပေါင်ပုပ်လက်ပုပ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း များအား ယနေ့ညနေ (၃)နာရီက ဒိုင်းကျေးရွာတွင် ကွင်း ဆင်းဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲနွားများအား မေထုံမဲ့သားစပ်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်များရရှိစေရန် တိရစ္ဆာန်အချင်းချင်း ကူးစက်သောရောဂါများ ကင်းရှင်းစေရန် တောင်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန်နှင့် ဝင်ငွေရရှိစေရန် စသည့်အကျိုးကျေးဇူးများ ရရှိနိုင်စေရန်ရည်ရွယ်၍ နွားမေထုံမဲ့သားစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သိရ သည်။
အဆိုပါကျေးရွာပြည်သူများ၏ပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွေးမြူ ထား သောကျွဲနွား များအား ပေါင်ပုပ်လက်ပုပ်ရောဂါမဖြစ်ပွားစေရေးကြိုတင် ကာကွယ် ပေးခြင်းနှင့် သားစပ်နိုင်သောနွားအကောင်ရေ(၂၀၀)ကျော်အား ဘရာမင်အသားစားမျိုးချောင်း၊ ရွှေနီခိုင်းနွား မျိုးချောင်း၊ ပြာစိမ်းခိုင်းမျိုးချောင်းများဖြင့် နွားမေထုံမဲ့သားစပ်ခြင်းလုပ်ငန်း ကိုဆောင် ရွက်ခဲ့ ကြသည်။
မြမြမွန်(ပြန်/ဆက်)