ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၅)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ထပ်မံဆင်းခွင့်ရ

ဖြူး အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ကုသပေးလျက်ရှိရာ ရောဂါပျောက်ကင်း ကျန်းမာ၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၇)ဦး ထပ်မံဆေးရုံဆင်းခွင့်ရခဲ့ ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉​ ရောဂါပိုး တွေ့ရှိလူနာများအား စက်တင်ဘာလ ၂၈ ရက်နေ့မှ စတင် ဆေးကုသပေးလျက်ရှိရာမှာ ရောဂါပျောက်ကင်း ကျန်းမာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၃၄)ဦးအား အောက်တိုဘာလ (၉) ရက်နေ့တွင် (၂) ဦး၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် (၃)ဦး၊ အောက်တိုဘာလ (၁၁)ရက်နေ့တွင် (၃)ဦး ၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် (၄) ဦး ၊ အောက်တိုဘာ (၁၄) ရက်နေ့တွင် (၃) ဦး အောက်တိုဘာ(၁၆)ရက်နေ့တွင်(၇)ဦး၊ အောက်တိုဘာလ(၁၇)ရက်နေ့တွင်(၇)ဦး၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် (၅)ဦး၊ စုစုပေါင်း ၃၄ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း၊ ယနေ့တွင် ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့် ရရှိသူ(၅)ဦးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ ကြောင်း၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူများအား နေအိမ်၌ (၇) ရက် အသွားအလာကန့်သတ်ထားရှိမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ပြီး ကျန်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင်(၄၄)ဦး ၊ ဝဲကြီးတိုက်နယ်ဆေးရုံတွင် (၃၅)ဦး၊ ညောင်ပင်သာ တိုက်နယ်ဆေးရုံတွင် (၁၀)ဦး စုစုပေါင်း (၈၉) ဦး ကျန်းမာရေးစောင့်ရှောက်ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မနွယ် (ဖြူး)