ဖားဆောင်း အောက်တိုဘာ ၁၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ပကတိ လိုအပ်ချက်များဖော်ထုတ်ပြီးဦးစားပေးအစီအစဥ်အလိုက် စီမံချက်များရေးဆွဲ ဖော်ထုတ်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)နှင့်မြစိမ်း ရောင်ကျေးရွာရွေးချယ်ခြင်းအခမ်း အနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းထွေးသူမှ ကျေးစွာများရွေးချယ်ရာတွင် အဓိက ထားဦးစားပေးရမည့်ကျေးရွာများကိုစိစစ်ရွေးချယ်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး၊ ပြည်နယ်လွှတ် တော်ကိုယ်စား လှယ် ဦးရန်နိုင်ဆွေကထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသန်းဝင်းစိုးမှ ကျေးရွာဖွံ့ဖြိုးရေး (VDP)နှင့်မြစိမ်း ရောင်ကျေးရွာစီမံကိန်း အကြောင်းမိတ်ဆက်ရှင်းလင်းခြင်း၊၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်(VDP)စီမံကိန်းဖြင့် ဆောင်ရွက် သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်အဆိုပြုကျေးရွာများအား တင်ပြခဲ့သည်။
ဆက်လက်၍ (VDP)စီမံကိန်းကျေးရွာ(၇)ရွာအဖြစ် ဆွပ်ဖ၊ကျောက်ပဲညို၊ခဲမဖြူ၊လိုခါးဒေး(၁၀)မိုင်၊လိုခါးလို၊လို လော်ထီးကျေးရွာတို့ကိုရွေးချယ်ခဲ့ကြောင်းနှင့်မြစိမ်းရောင်ကျေးရွာ(၂)ရွာအဖြစ်စုစည်း၊ကျောက်ပဲညိုကျေး ရွာတို့ကို ရွေးချယ်ခဲ့ကြကြောင်းသိရသည်။
ထို့နောက်ဘောလခဲခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်လွင်က ကျေးရွာ များ၏ ဦးစားပေးစီမံချက်များအပေါ်အခြေခံ၍ နှစ်စဥ်ရန်ပုံငွေများလျာထားပြီးစီမံချက်လုပ်ငန်း များကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
နန်းသဲနုအောင်(ဖားဆောင်း)