မော်လမြိုင် အောက်တိုဘာ ၁၉
မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး လူမှုရေးဝန်ကြီးရုံးခန်းမတွင် ယနေ့နံနက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေများ လှူဒါန်းပွဲကျင်းပသည်
အဆိုပါလှူဒါန်းပွဲတွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် မော်လမြိုင်တက္ကသိုလ် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းမိသားစုများက ငွေကျပ် (၃,၀၀၀,၀၀၀) ကို လှူဒါန်းရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်းလင်းနှင့် ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှဒုတိယပြည်နယ်ဦးစီးမှုး (စီမံဘဏ္ဍာ) ဒေါက်တာဝတ်မှုံက လက်ခံ ရယူခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)