ရွှေသောင်ယံမြို့တွင် Facility Quarantine နေရာပြောင်းရွှေ့

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က‌ ရွှေသောင်ယံတွင် ဖွင့်လှစ်ထားသော Facility Quarantine Center အား ယနေ့နံနက်(၁၀)နာရီက ရွှေသောင်ယံမြို့အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(၇၉) ဂျိုင်လယ် စာသင်ကျောင်းသို့ တာဝန်ရှိသူများမှ ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အင်ဂျန်းယန်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား တာဝန်ပေးခန့်အပ်လွှာ ပေးအပ်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား တာဝန်ပေးခန့် အပ်လွှာပေးအပ်ခြင်း နှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်(SOP)နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ မိန်းကလေးငယ် ၁၅၇၆၉ ဦးအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်မည့်အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် အသက်(၉)နှစ်နှင့် (၁၀)အကြား မိန်းကလေး ငယ်များအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ကချင်ပြည်နယ်အတွင်းရှိ မိန်းကလေးငယ် ၁၅၇၆၉ ဦးတို့အား ထည့်သွင်းထိုးနှံပေးသွားရန် ရည်မှန်းထားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။

ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဆန္ဒမဲလက်မှတ်များအားစစ်ဆေး

ကော့သောင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော်မရှင်အဖွဲ့ဝင်များ ပညာရေးဝန်ထမ်းများဖြင့် ဆန္ဒမဲလက်မှတ်များအား ယနေ့နံနက်ပိုင်းက ဖွင့်ဖေါက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှုငွေများလှုဒါန်း

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် We Love Nuature အဖွဲ့နှင့် ကြံခင်းမြို့ အင်းပက်လက်ကျေးရွာမှ ထာဝရအလင်းတန်း လူမှုကူညီရေး အသင်းများက ယမန်နေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့ ပြည်သူ့ဆေးရုံသို့ အလှုငွေများ လှုဒါန်းခဲ့ ကြကြောင်း သိရသည်။

ငွေဆောင် အ.ထ.က Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားသူ ၂ ဦး ကျန်းမာရေးကောင်းမွန်သဖြင့် နေအိမ်သို့ ပြန်ခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး အတွက် ငွေဆောင်အ.ထ.က Facility Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိသူ (၁၇)ဦးအနက် (၂)ဦး မှာ (၁၄) ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ရှောက်ချောင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ကျန်းမာရေးမှူး ဒေါ်ဌေးဌေးမော်က ယမန်နေ့ ညနေ (၃)နာရီခွဲက ကျန်းမာကြောင်း ထောက်ခံစာများ ပေးအပ်၍ နေရပ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များအား လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ပို့ချ

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကြံခင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိသည့် အထူးရဲသင်တန်းသားတစ်ဦး ဆေးရုံမှ ဆင်းခွင့်ပြု

ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိသည့် အထူးရဲသင်တန်းသားတစ်ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုပြီး နေအိမ်သို့ Home Quarantine ဖြင့် (၇)ကြာ ဆက်လက်နေထိုင်ရမည်ဖြစ်သည်။

နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံးကြီးသို့ အလှူငွေများနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံးကြီးသို့ ကမ္ဘောဇ ဘဏ်မှ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြင်ပလူနာဆေးကုဌာန အဆောင်ရှေ့တွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ကမ္ဘောဇဘဏ်ခွဲ ဝန်ထမ်းမိသားစုများမှ ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်း၏ ကိုယ်စား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ပိုးတွေ့လူနာ(၁)ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ပြု

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့တွင် (၉-၁၀-၂၀၂၀) ရက်နေ့တွင် အထူးရဲ သင်တန်းမှ သင်တန်းနည်းပြ (၈) ဦးနှင့် သင်တန်းသား(၂၀)ဦးကို Test Kit ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် တို့ကို စစ်ဆေးခဲ့ရာ သင်တန်းသား(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေရှိခဲ့သည့်အတွက် သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူစေခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန် လာသည့်အတွက် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။
Subscribe to