ချောင်းသာမြို့တွင်နေရပ်ပြန် ရေလုပ်သား(၇)ဦးအား Quarantine(၁၄)ရက်ပြည့်၍ ကျန်းမာရေး ထောက်ခံချက် ပေးအပ်

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ရွာသစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ Quarantine Centerတွင် Quarantine ဝင်ရောက် လျက်ရှိသော ရခိုင်ပြည်နယ်ပြန် ရေလုပ်သား(၇)ဦးအား သတ်မှတ်ရက် (၁၄)ရက်ပြည့်မြောက် ပြီဖြစ်၍ ချောင်းသာ တိုက်နယ်ကျန်းမာရေးဌာနနှင့် ချောင်းသာမြို့ရပ်ကွက် (၁) (၂)အုပ်ချုပ်ရေးမှူးများမှ ၎င်း‌ ရေလုပ်သားများအား Quarantine Center တွင် သတ်မှတ်စည်းကမ်းချက်မျာ နှင့်အညီ နေထိုင်ခဲ့ကြောင်း၊ ကျန်းမာရေးကောင်းမွန်ကြောင်း Quarantine ထောက်ခံချက်အားပေးအပ်ပြီး အိမ်တွင်(၇)ရက် သီးသန့်နေထိုင်ရန် မှာကြားကာ ပါရမီလူမှုကူညီရေးကားဖြင့် အိမ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ် Quarantine Center သို့ နေ့လယ်စာထမင်းဘူးနှင့် အချိုရည်များ လာရောက် လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈)ရပ်ကွက် အထက(၁)ကျောင်းရှိ Quarantine Centre များသို့ ယမန်နေ့ နေလယ်ပိုင်းက ထမင်းဘူး(၁၅၀)ဘူးနှင့် Yeo`s အချိုရည် ၁၀၀ ကတ်အား လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရပ်ကျေးကော်မရှင်အဖွဲခွဲ မှတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ကာလိမြို့အတွင်းစားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အသုံးပြုနိုင်စေရန် အလှူရှင်များက အလှူငွေများနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အလှူငွေများနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးစတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် အိတ်ခ်ျပီဗီ(HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး အတွက် မဲလက်မှတ်များအားစစ်ဆေး ဆောင်ရွက်မှုကိုယနေ့ နံနက်၁၀ နာရီက ချောင်းဦးမြို့မြို့မရဲစခန်းအတွင်းရှိဓမ္မာရုံအတွင်း၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်ရှိ ယစ်မျိုးလိုင်စင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချစေရေး ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယစ်မျိုးဆိုင်ရာကိစ္စရပ်များရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်ကာလ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ကာလ သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)မှ ဆွမ်းကွမ်း အခက်အခဲရှိသော သန်လျင်မြို့နယ် ညောင်ရေသွန်းကျောင်းတိုက်နှင့် မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ ကေသာရဝတီ သီလရှင်သင်ပညာရေး ကျောင်းများသို့ ယမန်နေ့ နံနက်တွင် ခရိုင်ဦးစီးအရာရှိ ဒေါ်လှပိုမိုနှင့် ဝန်ထမ်းများ သွားရောက်၍ ကျပ်(၂)သိန်းတန်ဘိုးရှိ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်း များအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရပ်ကွက်ကျေးရွာ ပြည်သူများမှ တောင်းခံထားသည့် လုပ်ငန်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ (၁၄) ခုအတွက် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အားကစားဆိုင်ရာ ကဏ္ဍများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to