ထန်တလန်မြို့တွင် စားသောက်ဆိုင်များ၊ ဆိုင်ခန်းများနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း ညွှန်ကြားချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် စစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ဖွင့်လှစ်လျက်ရှိသော စားသောက်ဆိုင်၊ ဆိုင်ခန်းများနှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေး အမှုဆောင် ဦးဗန်ဇအုပ် ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်က ရှောင်တခင် လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ဦးရေ ၃၇၆၅ ဦးရှိ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက် နှစ်ခု၌ မဲဆန္ဒရှင်ဦးရေ ၃၇၆၅ ဦးရှိကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှု အခြေအနေများအား RWS MIS ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်း ရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှုအခြေအနေများအား Rural Water Supply Management Information System ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်းရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။

ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ ၂၃ ဦး ပြန်လည်ကျန်းမာလာ၍ ဆေးရုံကဆင်း

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာများကို ပြည်နယ်ပြည်သူ့ ဆေးရုံကြီး (ဘားအံ)၊ ကုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံနှင့် ပညာရေးကောလိပ် (ဘားအံ) တို့တွင်ထားရှိ၍ အထူးကြပ်မတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပိုးတွေ့လူနာ ၂၃ ဦး သည် ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်သွားကြပြီ ဖြစ်သည်။

မိုဝိုင်းလွတ်မြို့တွင် အသက် ၉ နှစ်နှင့် ၁၀ နှစ်အကြား အမျိုးသမီးများကို ပထမအကြိမ် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခနီ္တခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် အောက်တိုဘာလ ၂၃ ရက် နံနက် ၉ နာရီအချိန်တွင် မိုဝိုင်းလွတ် အမှတ်(၁)ရပ်ကွက်ရှိ ကျန်းမာရေးဌာနခွဲတွင် အသက် ၉ နှစ်မှ ၁၀ နှစ်ကြား ကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ပို့ချ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်ပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ဘုတ်ပြင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့အတွင်းရှိ မြို့မစည်ပင်စျေးနှင့် ရာလ်ဒွန်းစျေးတို့တွင် ကုန်စိမ်းရောင်းသူများ ကျန်းမာရေးနှင့် အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Mask များ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီအချိန်က ဟားခါးမြို့အတွင်းရှိ မြို့မ စည်ပင်စျေးနှင့် ရာလ်ဒွန်းစျေးတို့တွင် ကုန်စိမ်းရောင်းသူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကရသူရိမြို့ ပြည်သူ့စာကြည့်တိုက်မှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံပြောခြင်းအစီအစဉ် များကို Online မှ ရိုက်ကူးတင်ဆက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီက ပုံပြောခြင်း အစီအစဉ်ကို Online မှ ရိုက်ကူးတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်များအား သင်တန်းပို့ချ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မဲရုံဆိုင်ရာ သင်တန်းပို့ချခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမနှင့် မြို့နယ်ခန်းမတို့တွင် အသီးသီး ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to