အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

အုတ်ဖို အောက်တိုဘာ ၂၃

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရပ်ကျေးကော်မရှင်အဖွဲခွဲ မှတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ရွေးကောက်ပွဲ ကာလတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထူးဂရုစိုက်ကြရန်လိုကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းထက်က မဲစာရင်း ဆိုင်ရာကိစ္စရပ်များနှင့် မဲပေးရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက​ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင်စီမံ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)