ရန်ကုန် အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အလှူငွေများနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ် များတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ဦးအောင်သိန်းစိုး+ဒေါ်သန့်သန့်ဇင် မိသားစု မှ အလှူငွေ(၅)သောင်း၊ ဦးအောင်ကျော်ဦး+ဒေါ်ဖြူဖြူအောင် မိသားစုမှ ငွေကျပ်(၁၆) သိန်းကျော် တန်ဖိုးရှိ Oxygen Concentrator 5L(၁)လုံးနှင့် Humidifier Bottle(၂)လုံး၊ ဦးစိုင်းလိုင်း ပန်+ ဒေါ်မေဖြိုးဦး မိသားစုမှ Oxygen Concentrator 5L(၂)လုံးနှင့် 10L(၁)လုံး၊ ကိုအေးဝင်း+ မရည်ရည်မွန် မိသားစုမှ Oxygen Cylinder(၁)အိုး၊ ကိုထွန်းဦး+မမြတ်မြတ်မွန် မိသားစုမှ Oxygen Cylinder(၁)အိုး၊ ဒေါက်တာ ဟိန်းကျော်+မယဉ်ဝင်းသူ မိသားစုမှ Oxygen Cylinder(၁)အိုး၊ ဦးသောင်းရွှေ မိသားစုမှ Oxygen Cylinder(၁)အိုး၊ ဒေါ်ဘီတီ မိသားစုမှ Oxygen Cylinder(၁)အိုး၊ ဦးတင်အေး+ဒေါ်လဲ့လဲ့မွန် မိသားစုမှ Oxygen Cylinder(၂)အိုး၊ ဒေါ်ရင်မြ မိသားစုမှ Oxygen Cylinder(၁)အိုး တို့အား အလှူရှင်များက အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ အသီးသီး လှူဒါန်းရာ အင်းစိန်အထွေ ထွေရောဂါ ကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)