ဆီဆိုင်မြို့၌ သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်ဓမ္မာရုံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နဂဒေသလဟယ်မြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့၀င်များအား မဲရုံဆိုင်ရာ ပညာပေး သင်တန်းပို့ချ

စစ်ကိုင်းတိုင်ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နို၀င်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င် များအား မဲရုံဆိုင်ရာ ပညာပေး သင်တန်းကို ယနေ့မွန်းလွဲ (၁၃) နာရီအချိန်က လဟယ်မြို့မာလာတောင် အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

​ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာသစ် (၃၆)ဦးထပ်မံတွေ့ရှိ စုစုပေါင်း ပိုးတွေ့လူနာ (၁၃၉)ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၅၈)ဦးရှိ

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ (FQ)များမှ ပြည်ပပြန်၊ ရန်ကုန်ပြန်နှင့် ထိ​တွေ့သူ စုစုပေါင်း(၉၃)ဦး တို့အား Swab ရယူ၍ ဓါတ်ခွဲစစ်ဆေးခဲ့ရာ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရန်ကုန်ပြန် (၃၆)ဦးတွင် ကိုဗစ်-၁၉ပိုးတွေ့ရှိခဲ့ကြောင်း ယနေ့နံနက်၉နာရီက မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ စုစုပေါင်း ပိုးတွေ့လူနာ(၁၃၉)ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၅၈)ဦး ဖြစ်သည်။

ပျဉ်းမနားမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမအကြိမ်အရင်းအတိုးပြန်လည် ထုတ်ချေးပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်း ပဉ္စမအကြိမ်အရင်းအတိုး ထုတ်ချေးခြင်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ အောက်တိုဘာ ၁၈ရက်နေ့မှ ၂၂ရက်နေ့ထိ မြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်း ကျေးရွာ (၅)ရွာ၌ ပြန်လည်ထုတ်ချေးပေးသည်။

ကျောက်မဲမြို့မှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ဆေးရုံမှဆင်းခွင့်ရ

ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့သည့် အသက် ၃၅ နှစ်အရွယ် ကိုဗစ်-၁၉ အတည်ပြုလူနာ (Case-27984) သည် ယနေ့နံနက်ပိုင်း က ဆေးရုံမှဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

မင်းဘူးမြို့တွင် ပိုးတွေ့လူနာ (၇) ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ (၇) ဦး ကျန်းမာရေးကောင်မွန်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။

ကိုဗစ်-၁၉ ကာလကန့်သတ်ချက်များကြောင့် မိမိမဲဆန္ဒနယ်သို့ သွားရောက်မဲပေးရန် ခက်ခဲနေသူများ ကြိုတင်ဆန္ဒမဲပေး

ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ချက်များကြောင့် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မိမိအမည် စာရင်းပါရှိရာ မဲဆန္ဒနယ်များသို့ သွားရောက်ပြီး မဲပေးရန်အတွက် အခက်အခဲရှိသူများ အနေဖြင့် ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်မိမိတို့ ရောက်ရှိနေသောမြို့၏ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် နမ့်မန်း-ဘီပီ(၁၃)လမ်း တောင်ပေါ်အပိုင်း၌ ရေစီးရေလာကောင်းမွန်စေရေး ကျောက်စီ ရေမြောင်းနှင့် ကွန်ကရစ်ရေပြွန် တည်ဆောက်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နိုင်ငံတကာ ဆက်သွယ်ရေးလမ်းပိုင်းဖြစ်သည့် နမ့်မန်း-ဘီပီ(၁၃)လမ်း တောင်ပေါ်အပိုင်း၌ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တင်ဒါလုပ်ငန်းဖြင့် ဆောင်ရွက် မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယန်နေ့ မွန်းလွဲပိုင်းက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂)(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်မြို့(ဆင်မကြပ်)စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အဝင် (ဆင်မကြပ်)လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ ပူးပေါင်းအဖွဲ့က  အဆိုင်းသုံးဆိုင်းဖြင့် နေ့/ည မပြတ်အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိ သူများက ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to