လမ်းမတော် အောက်တိုဘာ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈)ရပ်ကွက် အထက(၁)ကျောင်းရှိ Quarantine Centre များသို့ ယမန်နေ့ နေလယ်ပိုင်းက ထမင်းဘူး(၁၅၀)ဘူးနှင့် Yeo`s အချိုရည် ၁၀၀ ကတ်အား လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းတွင် Quarantine ဝင်ရောက်သူများနှင့် Volunteer များအတွက် နေ့လယ်စာ ထ မင်းဘူးများကို အထက(၁)ကျောင်း Quarantine Centre နှင့် အလက(၁)ကျောင်း Anosmia Quarantine Center တို့အတွက် နေ့လယ်စာထမင်းဘူး(၁၅၀)ဘူးတို့အား လမ်းမတော်မြို့နယ် အမှတ် (၈၀၂)၊ မဟာဗန္ဓုလလမ်းမှ(ဦးဝင်းလွင်)နှင့် ဇနီးဒေါ်တင်ဝင်း မိသားစုတို့ကလည်းကောင်း၊ Yeo`s အချိုရည် ၁၂ ဘူးပါကတ်(၁ဝဝ)တို့ကိုWe Love Yangon-Lanmadaw ပရဟိတအဖွဲ့က အလှူရှင်များ ကိုယ်စား လာရောက်လှူဒါန်းပေးခဲ့ရာ Quarantine Centre ရှိ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
လမ်းမတော်မြို့နယ်တွင် Community Based Facility Quarantine Centre အထက(၁)နှင့် Anosmia Centre အလက(၁)မြမာလာတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ အဆိုပါအသွားအလာ ကန့်သတ် စောင့်ကြည့်နေရာများသို့ စေတနာရှင်၊ အလှူရှင်များက စားသောက်စရာများကို လာရောက်လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့် လမ်းမတော် ( ပြန်/ဆက်)