သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း(Fever Clinic)ဖွင့်လှစ်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးနိုင်ရန်အတွက် လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း (Fever Clinic)ကို ယနေ့ နံနက် (၉)နာရီက အထက(၄)သင်္ဃန်းကျွန်း လေးထောင့်ကန်ရပ်ကွက် ပြည်တော်အေးလမ်းတွင် ဖွင့်လှစ် ခဲ့သည်။