တန်ခွန်ကျော်နှင့် တန်ဂိုများ စုပေါင်းအလှူဖြင့် ငွေကျပ် ၄၂၀၀၀၀ တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ ပြည်သူ့ဆေးရုံအတွက် လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် ပြည်သူ့ဆေးရုံအတွက် တန်ခွန်ကျော်နှင့် တန်ဂိုများ စုပေါင်းအလှူဖြင့် ငွေကျပ် ၄၂၀၀၀၀ တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ခန္တီးပြည်သူ့ ဆေးရုံ သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူအများ လိုက်နာရန် အသိပညာပေး လှည့်လည်နှိုးဆော်

 ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့က ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက  မြို့ပေါ်ရပ်ကွက်(၁၃ ) ရပ်ကွက်အတွင်းသို့ လိုက်လံအသိပညာပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။

တီးတိန်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် Case-30723 ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ Case- 30723 သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ၏ ခွင့်ပြုချက်ဖြင့် ယနေ့ မွန်းတည့် ၁၂ နာရီက ဆေးရုံမှဆင်းခွင့်ပြုပြီး နေအိမ်တွင် Home Quarantine ဖြင့် (၇) ရက်ဆက်လက် နေထိုင်မည်ဖြစ်သည်။

နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်ဖြင့် ကျေးရွာ (၉) ရွာတွင် မီးလင်းရေး လုပ်ငန်း များ လုပ်ဆောင်ပေးသွားမည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ကျေးရွာ (၇)အုပ်စုရှိ ကျေးရွာ (၉)ရွာတွင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းကျော်မျိုး၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းရှိ တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်မြင့်မားစေရေး နေ့စဉ် လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိ

ပျော်ဘွယ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းရှိ တပ်ဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြင့်မားစေရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စက်ပစ္စည်းကိရိယာများအား ကျွမ်းကျင် စွာအသုံးပြုနိုင်ရေးတို့အတွက် Hydraulic tool များအသုံးပြုလေ့ကျင့်ခြင်းကို ယနေ့ နံနက်(၈) နာရီက မြို့နယ်မီးသတ်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့တွင် မဲရုံမှူးများ နည်းပြသင်တန်း ဖွင့်လှစ်

အင်္ဂပူမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်မဲရုံမှူး၊ ဒုမဲရုံမှူးများအား မဲရုံလုပ်ငန်း ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူးနည်းပြသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးအစည်းဝေးခန်းမမှ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ထာဝရအလင်းတန်း လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများ ပို့ဆောင်ခြင်းနှင့် အခြားပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေသည့် ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ထာဝရအလင်းတန်း လူမှုကူညီ ကယ်ဆယ်ရေးပရဟိတ အသင်းသို့ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း သုံး ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် မျိုးစေ့ထုတ် မိုးစပါးစိုက်ပျိုးထားသည့် စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း စံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ (၆)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသာ ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာ(၆)ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသအတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး တိုင်းဒေသကြီး ရန်ပုံငွေဖြင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် ဆောင်ရွက်မည့် လုပ်ငန်းများ အိတ်ဖွင့်တင်ဒါ ခေါ်ယူ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များတွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ ဖြိုးရေး တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
Subscribe to