ချောင်းသာမြို့တွင်နေရပ်ပြန် ရေလုပ်သား(၇)ဦးအား Quarantine(၁၄)ရက်ပြည့်၍ ကျန်းမာရေး ထောက်ခံချက် ပေးအပ်

ချောင်းသာ အောက်တိုဘာ ၂၃

ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ရွာသစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ Quarantine Centerတွင် Quarantine ဝင်ရောက် လျက်ရှိသော ရခိုင်ပြည်နယ်ပြန် ရေလုပ်သား(၇)ဦးအား သတ်မှတ်ရက် (၁၄)ရက်ပြည့်မြောက် ပြီဖြစ်၍ ချောင်းသာတိုက်နယ်ကျန်းမာရေးဌာနနှင့် ချောင်းသာမြို့ရပ်ကွက် (၁) (၂)အုပ်ချုပ်ရေးမှူးများမှ ၎င်း‌ ရေလုပ်သားများအား Quarantine Center တွင် သတ်မှတ်စည်းကမ်းချက်မျာ နှင့်အညီ နေထိုင်ခဲ့ကြောင်း၊ ကျန်းမာရေးကောင်းမွန်ကြောင်း Quarantine ထောက်ခံချက်အားပေးအပ်ပြီး အိမ်တွင်(၇)ရက် သီးသန့်နေထိုင်ရန် မှာကြားကာ ပါရမီလူမှုကူညီရေးကားဖြင့် အိမ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် Quarantine Center အား ပိုးသတ်ဆေးဖြန်းခြင်း၊ အမှိုက်များသန့်ရှင်းရေး ဆောက်ရွက်ခြင်း ၊Quarantine ဝင်သူများ၏ လိုအပ်ချက်များနှင့် Quarantine လုံခြုံရေးကိစ္စရပ်များကို ချောင်းသာမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် နှလုံးသားမေတ္တာပရဟိတ လူမှုရေးအသင်းတို့မှ နေ့ညမပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမောင် (ပြန်/ဆက်)