ပန်းဘဲတန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းအား ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။

ကမာရွတ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု လုပ်ငန်းများအတွက် လိုအပ်သည်များ လာရောက်လှူဒါန်း

ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ် မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် (ရတနာ)ဆေးခန်းနှင့် ဆေးဆိုင်မိသားစုမှ PPE ဝတ်စုံ (၁၀) စုံ၊ အရက်ပျံဘူးကြီး (၁၀)ဘူး၊ Mask ၅၀.ပါ (၃၀)ဘူး၊ Hand Gel (၂၀)ဘူး၊ Royal D (၁၂)ကဒ်၊ Royal D ဓာတ်ဆား (၅)ဒါဇင်၊ ပေါင်မုန့် ၂၅၀ စာ(၂)ဘူး၊ Coffee Mix ၄၈ထုပ်ပါ( ၆)ထုပ်တို့ကို အ.မ.က(၂)ကျောင်း Community Base Facility Quarantine Center သို့ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ Primary Contact များအတွက် အလှူရှင် မိသားစုမှလည်း အောက်စီဂျင် (၃)အိုးကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

​အ-ထ-က(၇)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာသို့ ​နေ့လယ်စာနှင့် ညစာထမင်းဘူး (၃၃၀)ဘူး လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာတွင် အသွားအလာကန့် သတ်ထား သူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က ​နေ့လယ်စာနှင့် ညစာ ထမင်းဘူးများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက်အတွင်း အပင်ပွား၊ အမြင့်တိုင်းတာခြင်းနှင့် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်ကွက် စိုက်ပျိုးထားသော စိုက်ခင်း များနှင့် SRI နည်းစနစ် စိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ၊ မျိုးကွဲပါဝင်မှုနှင့် အပင်ပွား၊ အမြင့်တိုင်းတာစစ်ဆေးခြင်းတို့ကို ယမန်နေ့က စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိ သူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စာရေးဆရာအသင်းဝင်များအား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စာရေးဆရာ အသင်းဝင်များအား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသောက်ကုန်များကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စာရေးဆရာ အသင်းရုံးတွင် လာရောက်လှူဒါန်းသည်။

ရွှေဘိုမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား ယဗန့ နံနက် ၈ နာရီက မြို့တော်ခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့် အညီ မဲရုံမှူးသင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

ကျိုက်လတ်၌ လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်

ကြည့်မြင်တိုင်မြို့နယ် အ.ထ.က(၅) Community Based Facility Quarantine Center သို့ နေ့လယ်စာနှင့် ညစာထမင်းဘူးများ လှူဒါန်း

ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အ.ထ.က(၅) Community Based Facility Quarantine Centerရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့က နိဗ္ဗာန်လမ်း စေတနာရှင် မိသားစုက ​နေ့လယ်စာနှင့် ညစာထမင်းဘူးများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လေးခန်းတွဲ ဝန်ထမ်း အိမ်ယာ ဆောက်လုပ်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ လပြည့်သိမ်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့ သော လေးခန်းတွဲဝန်ထမ်းအိမ်ယာ တစ်ထပ်အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကုန်တွင် ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ခေတ်မီအလှဆင်လမ်း ကွန်ကရစ်တုံး၊ လမ်းညွှန်ဆိုင်းဘုတ်များ ပြုလုပ်​ဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ခေတ်မီအလှဆင် လမ်းကွန်ကရစ်တုံး၊ လမ်းညွှန်ဆိုင်းဘုတ်များ ပြုလုပ်​ဆောင်ရွက်ခြင်းကို ယမန်​နေ့ နံနက်ပိုင်းမှစ၍ ပြုလုပ်​ဆောင်ရွက်ခဲ့သည်။
Subscribe to