ရန်ကုန်တောင်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်ကာလ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

သန်လျင် အောက်တိုဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ကာလ သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)မှ ဆွမ်းကွမ်း အခက်အခဲရှိသော သန်လျင်မြို့နယ် ညောင်ရေသွန်းကျောင်းတိုက်နှင့် မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ ကေသာရဝတီ သီလရှင်သင်ပညာရေး ကျောင်းများသို့ ယမန်နေ့ နံနက်တွင် ခရိုင်ဦးစီးအရာရှိ ဒေါ်လှပိုမိုနှင့် ဝန်ထမ်းများ သွားရောက်၍ ကျပ်(၂)သိန်းတန်ဘိုးရှိ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်း များအား ဆက်ကပ်လှူဒါန်းခဲ့သည်။

အလားတူ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကျောက်တန်းမြို့နယ်ရုံးက ကျပ်(၅၉၉၀၀)တန်ဘိုးရှိ ပစ္စည်းငါးမျိုး၊ သုံးခွမြို့နယ်ရုံးက ကျပ်(၁၂၀၅၀၀)တန်ဘိုးရှိ ပစ္စည်း(၅)မျိုး၊ ခရမ်းမြို့နယ်ရုံးက ကျပ်(၃၀၀၀၀)တန်ဘိုးရှိ ပစ္စည်း(၅)မျိုး၊ ဒလမြို့နယ်က ကျပ်(၃၀၀၀၀)တန်ဘိုးရှိပစ္စည်း (၅)မျိုး၊ တွံတေးမြို့နယ်ရုံးက ကျပ်(၂၁၆၃၀၀)တန်ဘိုးရှိပစ္စည်း(၅)မျိုး၊ ကော့မှူးမြို့နယ်ရုံးက ကျပ်(၆၆၆၅၀) တန်ဘိုးရှိ ပစ္စည်း(၅)မျိုး၊ ကွမ်းခြံကုန်းမြို့နယ်ရုံးက ကျပ်(၄၁၀၀၀)တန်ဘိုးရှိ ပစ္စည်း(၅)မျိုး၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်ရုံးက ကျပ်(၅၀၀၀၀)တန်ဘိုးရှိ ပစ္စည်း(၅)မျိုး၊ တံတားမြို့ရုံးက ကျပ်(၁၆၄၈၀၀) တန်ဘိုးရှိ ပစ္စည်း(၅)မျိုး စုစုပေါင်းခရိုင်နှင့် မြို့နယ်ရုံးများက ကျပ်(၉၇၉၁၅၀) တန်ဘိုးရှိ လှူဖွယ်ပစ္စည်း များအား ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုမှာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မြို့နယ်အသီးသီးမှ ဘုန်းတော်ကြီးကျောင်း (၂၁)ကျောင်းနှင့် သီလရှင်ကျောင်း (၃)ကျောင်းတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယခုလိုအချိန် ကိုဗစ်ကာလတွင် ဆွမ်းကွမ်းအခက်အခဲရှိ သော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား မိမိတို့တတ်အားသ၍ လှူဒါန်းခဲ့ရခြင်းအား များစွာပီတိ ဝမ်းမြောက်မှုဖြစ်ရကြောင်း ခရိုင်ရုံး(သန်လျင်)မှ အငယ်တန်းစာရေး ဒေါ်ဆန်းဆန်းညွန့်က ပြောသည်။

သန်းဝင်း(သန်လျင်)