စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး စစ်ဆေး

ချောင်းဦး၊အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့၌ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေး အတွက်  မဲလက်မှတ်များအားစစ်ဆေး ဆောင်ရွက်မှုကိုယနေ့ နံနက် နာရီက ချောင်းဦးမြို့မြို့မရဲစခန်းအတွင်းရှိဓမ္မာရုံအတွင်း၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲ လက်မှတ်များအား ထုတ်ယူရရှိသည့် စာရင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ ဆန္ဒမဲလက်မှတ် အရွက်ရေ ပြည့်/မပြည့်၊ စုတ်ပြဲ စွန်းထင်းသော ဆန္ဒမဲလက်မှတ်များ ပါရှိခြင်းရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ်များဟုတ်/မဟုတ်၊ ဆန္ဒမဲလက်မှတ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်နှင့် သင်္ကေတ အမှတ်အသား တံဆိပ်များပါ/မပါနှင့်မှန်ကန်မှုရှိ/မရှိတို့အား ဖွင့်ဖောက်စစ်ဆေးခဲ့ကြသည်။ စစ်ဆေးပြီးသည့် မဲလက်မှတ်များအားကျေးရွာ အလိုက်၊ မဲရုံများအတွက် ကြိုတင်မဲဆန္ဒအတွက် အိတ်သတ်သတ်၊ နိုဝင်ဘာ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲ လက်မှတ်များအား အိတ်များတွင် ထည့်သွင်းခြင်း ဆောင်ရွက်ခဲ့သည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ချောင်းဦးမြို့နယ် ၌ မဲရုံပေါင်း(၈၆)ရုံရှိပြီး ပါဝင်ယှဉ်ပြိုင့်မည့် ပါတီပေါင်း()ခု၊ မဲဆန္ဒရှင်ပေါင်း (၈၈၇၃၀)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

ဝင်းမြင့်အောင် (ပြန်ဆက်)