ရေတာရှည်မြို့နယ်တွင် ဆန္ဒမဲလက်မှတ်များအား စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ရောက်ရှိလာသည့် ဆန္ဒမဲလက်မှတ်များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။