စိုက်ပျိုးရေပေးဝေမှုအခက်အခဲမရှိစေရေးအတွက် ကင်းတားရေသောက်စနစ်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝမ်းသည် တာဝန်ရှိသူများလိုက်ပါ၍

တာမွေမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်း ဆောင်ကြ မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း အုန်းတော ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အ​​​​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် မဲရုံမှူး၊ဒုမဲရုံမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ​ရွေး​ကောက်ပွဲဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့် သင်တန်းကို ယ​နေနံနက်(၈)နာရီခွဲ အချိန်က အထက ဖားဆောင်း​ကျောင်းရှိ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မိုင်းဆတ်မြို့၌ ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး တောင်ကမ်းပါးယံရှိ ကျောက်တုံးများ လိမ့်ကျခြင်းကြောင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီး

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး တောင်ကမ်းပါးယံရှိ ကျောက်တုံးများ လိမ့်ကျခြင်းကြောင့် ယ‌နေ့နံနက်ပိုင်းက ဦးဟာဘာကုတ်​ နေအိမ် ထိခိုက်ပျက်စီး သွားကြောင်း သိရသည်။

မိုင်းတုံမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးအား ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သည့်အတွက်‌ ယနေ့နံနက်(၈)နာရီ က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ဘောလခဲမြို့နယ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း(VDP)ကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

နွားထိုးကြီးမြို့ စစ်မှုထမ်းဟောင်းမိသားစုများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့

နွားထိုးကြီးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကံနက်တောကျောင်းတိုက်၊ ဇေယျသုခသမ္ပတ္တိကျောင်းဆောင်၌ မိတ္ထီလာမြို့ ၊လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်လင်းက နွားထိုးကြီးမြို့၊ မြို့နယ်စစ်ထမ်းဟောင်းမိသားစုများအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီ၊ က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်(၂)တိုက်အတွက် ထောက်ပံ့ငွေများပေးအပ်

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ အရှိန်အဟုန်မြှင့် ဖွံဖြိုးတိုးတက်စေရေး အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်ရှိကျေးရွာ စာကြည့်တိုက်(၂)တိုက်အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပဆောင်ရွက်သည်။

ရပ်စောက်မြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူးများကို ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to