အင်တောမြို့၌ မိုးစပါး စံကွက်ရိတ်သိမ်း

အင်တော အောက်တိုဘာ  ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်ဂူကျေးရွာ တောင်သူ ဦးမိုး၏ စိုက်ပျိုးထားသည့် တောင်ယာစိုက်ခင်း (ကောက်ရင်ဖြူစပါးမျိုး) မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကျော်ကျော်နိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဦးမိုး၏ တောင်ယာ စိုက်ခင်းတွင် ကောင်း၊ သင့်၊ ညံ့ စံကွက်(၃)ကွက်ရိတ်သိမ်းရာ စပါးတင်း အစိုအထွက် (၆၅.၃၆)တင်း ထွက်ရှိကြောင်း သိရသည်။

အောင်ခိုင်(အင်တော)