မရမ်းကုန်း အောက်တိုဘာ ၂၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးသန့်က အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးဆောင်ရွက်ထားရှိမည့် အစီအမံနှင့် ပတ်သက်သည့် အချက်အလက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)