ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center သို့ နံနက်စာ၊ နေ့လယ်စာ နှင့် ညစာများ လာရောက်လှူဒါန်း

ကျောက်တံတား အောက်တိုဘာ ၂၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်  Community Based Facility Quarantine Center ရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယနေ့ နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်လှမှ နံနက်စာ အာဟာရဒါန အဖြစ် ထမင်းကြော်နှင့် လက်ဘက်ရည်ဘူးများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ နေ့လယ်စာနှင့် ညနေစာအတွက် Myanhouse Local Made လက်မှုအနုပညာအရောင်း ဆိုင်မှ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ် Community Based Facility Quarantine Center များကို ၃၈ လမ်း Plaza အပေါ်ထပ်(၆) လွှာနှင့် (၇)လွှာတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့်နေရာ များသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများ၊ ရေသန့်ဘူးများ စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက်လှူဒါန်းလျက်ရှိပြီး ကျောက်တံတားမြို့နယ်တွင် အောက်တိုဘာလ(၂၆)ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၄၅) ဦးရှိပြီး ပြန်လာသက်သာကောင်းမွန်လာသူ (၉၄၅)ဦးနှင့် သေဆုံးသူ(၁၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ