ထီးချိုင့် အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးရွာ(၃၀)မှ လက်ရှိသောက်သုံးနေသော သောက်ရေတွင်းများ၌ ဝမ်းပျက်၊ ဝမ်းလျောဖြစ်စေတတ်သော ဘက်တီးရီးယားရောဂါပိုးပါဝင်ခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စမ်းသပ်စစ်ဆေးခဲ့ကြောင်းသိရပါသည်။
ထီးချိုင့်မြို့နယ်တွင် ကျေးရွာပေါင်း (၁၁၈)ရွာရှိရာ ကျေးလက်ဒေသများ၏ ရေသုံးစွဲမှု အခြေအနေ များကို RWS MIS Mobile Application အသုံးပြုပြီး ၐကျေးရွာပေါင်း ( ၅၀ ) ရွာတွင် စာရင်းကောက်ယူပြီးဖြစ်ပါကြောင်း၊ ယခုအခါ ကျေးလက်နေပြည်သူများ ကျန်းမာရေး နှင့် ညီညွှတ်သည့်သန့်ရှင်းသောသောက်သုံးရေ သုံးစွဲနိုင်စေရန်ရည်ရွယ်၍ လက်ရှိသောက်သုံး ရေများတွင် ဝမ်းပျက်၊ဝမ်းလျောဖြစ်စေတတ်သော ရောဂါပိုးပါဝင်ခြင်းရှိမရှိစစ်ဆေးရာတွင် (၂) ရက်ကြာ သင့်တင့်သောအပူချိန်၌ထားပြီးမှသာ အဖြေသိရမည်ဖြစ်ကြောင်းနှင့် Data Entry ရေးသွင်းခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထီးချိုင့်မြို့နယ်တွင် ၂၀၁၁ - ၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာပေါင်း ( ၅၅ ) ရွာရှိ သောက်သုံးရေရရှိရေးလုပ်ငန်းများကို နှစ်စဉ်ဘတ်ဂျက်လျာထားဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်းမာရေး နှင့်ညီညွတ်သော သန့်ရှင်းသောသောက်သုံးရေများ သုံးစွဲနိုင်စေရန်အတွက် ယခုလို Ecoli TestKit ဖြင့် ရေအရည်အသွေးကို စမ်းသပ်စစ်ဆေးပေးလျက်ရှိရာ ပထမအကြိမ် ရွာ(၅၀)စစ်ဆေး ဆောင်ရွက်ရန်လျာထားဆောင်ရွက်ထားရာ ကျေးရွာပေါင်း (၃၀)ရွာတွင် စမ်းသပ် စစ်ဆေးပြီးစီး၍ Data Entry ရေးသွင်းဆောင်ရွက်ထားရှိကြေင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦး ထံမှ သိရသည်။
ရဲလင်းထွန်း ( ထီးချိုင့် )