ဝေါလေမြိုင် အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ဦးဆောင်ကာ ဌာနဆိုင်ရာများ စုပေါင်း၍ မိုးစပါး(ဆင်းသုခ) မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ တောင်သူ ဦးမူခို့ဖောစိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါး(ဆင်းသုခ) မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ဝေါလေမြိုင် မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝင်းနိုင်ဦးက ဝေါလေမြိုင်ဒေသအတွင်း စပါးအထွက်နှုန်း သိရှိနိုင်ရန် ရည်ရွည်ချက်ဖြင့် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ရာတွင် တစ်ဧကလျှင် စပါး (အစို) ၁၂၅ တင်း ထွက်ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်မျိုးသင်း(ပြန်/ဆက်)