မွန်ပြည်နယ် ခေါဇာမြို့၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ခေါဇာ  အောက်တိုဘာ ၂၇

သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှုးရုံးမှဝန်ထမ်းများကခေါဇာမြို့၊ ကိုးမိုင်ကျေးရွာသို့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခေါဇာမြို့ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှဝန်ထမ်းများက ကိုးမိုင်ကျေးရွာအတွင်းရှိဒေသခံပြည်သူ(၉၆)ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများအားဥပဒေ၊လုပ်ထုံး လုပ်နည်းများနှင့် အညီ နေ့ချင်းပြီး ဆောင်ရွက် ပေးခဲ့ကြောင်းခေါဇာမြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။

ညီညီချမ်း(ပြန်/ဆက်)