မရမ်းကုန်း အောက်တိုဘာ ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နေသည့် လူမှုအသင်းအဖွဲ့များသို့ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ထောက်ပံ့ငွေများအား ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။
အဆိုပါမြို့နယ်အတွင်းရှိ လူမှုရေးအသင်းဖွဲ့ (၄)သင်းအား မြို့နယ်ကိုဗစ်-၁၉ ကော်မတီက တစ်သင်း လျှင် ဆန်(၃)အိတ်၊ ခေါက်ဆွဲခြောက်ထုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသင်းများရှိ Volunteer (၅၁)ဦးအတွက် ထောက်ပံ့ငွေ (၅၁၀၀၀ဝ)ကျပ်၊ အသင်းတစ်သင်းလျှင် လုပ်ငန်းခွင်သယ်ပို့စရိတ် ထောက်ပံငွေ(၁၀၀၀၀၀)ကျပ် နှုန်းဖြင့် အသင်း(၄)သင်းအတွက် စုစုပေါင်း(၄၀၀၀၀၀)ကျပ် စသည့် ထောက်ပံ့သည်များကို မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်က ပေးအပ်ရာ သက်ဆိုင်ရာ အသင်းတာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။
အေးအေးအောင် (ပြန်/ဆက်)