နွားထိုးကြီးမြို့နယ်တွင် အထူးရဲ ၂၂၀ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိစစ်ဆေး

နွားထိုးကြီး အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ ၂၂၀ ဦးအား ယမန်နေ့နံနက်ပိုင်းက ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်သည့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများကို သင်တန်းကာလ အတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိခဲ့ပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ ၂၂၀ ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ နှာခေါင်းတို့ဖတ်များ ရယူစစ်ဆေးပေးခဲ့ရာ အထူးရဲ ၂၂၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

နိုင်လင်း(ပြန်/ဆက်)